မိမိအကောင့်လုံခြုံရေး

Posted: Tuesday, 28 July 2009
မိမိအကောင့် လုံခြုံပြီလား
မိမိ Gmail အကောင့်တစ်ခု တစ်ခြားလူ သုံးမသုံးသိနိုင်ရန် Gmails box ရဲ့ အောက်နားမှာ အောက်ပါပုံလေးမှ ၀ိုင်းပြထားသော Details ကို ဦးစွာ click ပါ


အောက်ပါအတိုင်း ထပ်တွေ့ရမှာ ဖြစ်ပါတယ်

နောက်ဆုံး Browser (၅) ခုရဲ့ IP Address ကိုဖော်ပြပေးထားပါသည်။ အညိုရောင်ဖြစ်ဝိုင်းပြထားသောနေရာသည် ယ္ခုအသုံးပြုနေသော Browser ရဲ့ IP ပဲဖြစ်သည် အထက်တွင် Browser (၄)ခုရဲ့ IP တွေကိုတွေ့ရမှာဖြစ်တယ်
မိမိ Browser တစ်ခုထဲပဲ သုံးနေရင်တော့ IP address တစ်ခုပဲတွေ့ရမှာ ဖြစ်တယ် မိမိ အကောင့်တခြားလူသုံးနေတယ်ဆိုရင် အနီရောင်ဖြင့် ၀ိုင်းထာသော Sign out all other sessions ဆိုတာကို click ပါ။အောက်ပါအတိုင်းထပ်တွေ့ရမှာဖြစ်သည်။ တစ်ခြားတစ်ယောက်သုံးနေက password chain ရန် အတွက် chain your password ကို click ပါ

My account ဆိုတဲ့ Google Box တစ်ခုကျလာပါမည်။ အောက်ပါတွေ့ရသော အပိုင်းမှ change password ကို click ပြီး password ချိန်းနိုင်ပါသည်။နောက်ပြီး Change security question ကို click ပြီး question , answers နှင့် secondary question ကို ပြန်လည် ချိန်းဖြစ်အောင် ချိန်းပါ။ မိမိက password ချိန်းလည် မိမိရဲ့ အထက်ပါ အချက်သုံးချက်ပါသူ့ကပြောင်းထားလိုကရင် မိမိ password ကို Forgot လုပ်ပြီး password ပြောင်းသုံးမှ မိမိအကောင့်ကို သူပိုင်ဖြစ်သွားမှာဖြစ်သည်။ဒါကြောင့် ပြောင်းဖို့မမေ့ပါနဲ့။

အောက်ပါအတိုင်း ကျလာပါမည် Password ကို ပြောင်း နိုင်ပါပြီ။

0 comments: