Email တွေကို အလွယ်တကူ ရှာဖွေနိုင်ရန်

Posted: Tuesday, 28 July 2009
Email တွေကို အလွယ်တကူ ရှာဖွေနိုင်ရန်
မိမိတစ်နေ့တနေ့ မေးလ်တွေ အများကြီးထဲမှာ မိမိအရေးတကြီးလိုနေတဲ့ မေးလ်တစ်စောင်ကို အလွယ်တကူရှာဖွေရလွယ်ကူစေရန် Query word တွေရဲ့လုပ်ဆောင်ပုံကိုဖော်ပြပေးပါမည်။


1. From:
A. မိမိ က yarzar ဆီမှလာသော မေးလ်တွေကို လိုချင်ရင် From:yarzar(@gmail.com မလိုပါဘူး)
2. to:
A. မိမိ ပို့ထားတဲ့ မေးလ်တွေမှ ပြန်လည်ရှာဖွေခြင်း။
3. Subject:
A. မိမိဆီကိုပဲပို့ထားတဲ့ အကြောင်းအရာ ဒါမှမဟုတ် မိမိပို့ထားတဲ့အကြောင်းအရာလေးတွေကို မှတ်မိသလောက် ပြန်ရှာခြင်း။(ဥပမာ - ချစ်သူအကြောင်း)
4. labels
A. label ထဲက မေးလ်တွေကိုဘဲရှာဖွေမည်။(ဥပမာ- from: yarzar label: My friend)
5. in: inbox
A. inbox ထဲမှ ရှာဖွေခြင်း
6. in: trash
A. ဒါကတော့ မိမိ inbox မှာ delete ပေးထားတာတွေကို ပြန်လည်ရှာဖွေခြင်း။
7. in: spam
A. ဒါကတော့ မိမိမေးလ်တွေ Spam ထဲရောက်နေမလားအထင်နဲ့ ပြန်ရှာဖွေတာပါ။ ဒါပေမဲ့ Spam ထဲကမေးလ်တွေက တစ်လတစ်ကြိမ် Auto ဖျက်ဆီးပေးတဲ့အတွက် လကျော်နေတဲ့မေးလ်တွေကို မတွေ့နိုင်ပါဘူး။
8. after:
A. နေ့စွဲအလိုက်ရှာဖွေခြင်း။(ဥပမာ-after: 2009/2/17)
9. before:
A. နှစ်။ လ။ ရက် အလိုက် ရှာဖွေခြင်း(ဥပမာ- before:2009/2/17 သဘောက ၂၀၀၈ ခုနှစ် ၂လပိုင်း ၁ရက်နေ့ကနေ ၁၇ ရက်နေ့ အတွင်းကိုရှာဖွေမယ်ဆိုတဲ့သဘော။
10. label:unread in:inbox
A. မိမိ မဖတ်ရသေးသော မေးလ်တွေကို အလွယ်တကူ ဖတ်နိုင်ရန် အတွက် အသုံးပြုသည်။
11. has : attachment
A. မိမိဆီကိုattachment file နှင့်တွဲပို့သောမေးလ်များကိုရှာဖွေပေးသည်။ ဥပမာ..သီချင်းများ၊ PDF ဖိုင်များ။
12. File name :
A. မိမိဆီပို့သောဖိုင်များကိုရှာဖွေခြင်း ။
13. in: any where
A. unread and read စတဲ့မေးလ်တွေထဲမှရှာပေးသည်။

0 comments: