Gmail ကနေ exe ဖိုင်(Program )တွေကို ပို့လို့ရအောင်ပြုလုပ်နည်း

Posted: Wednesday, 29 July 2009
Gmail ကနေ exe ဖိုင်(Program )တွေကို ပို့လို့ရအောင်ပြုလုပ်နည်း
မိမိတို့ Gmail ကနေ့ Program တွေပို့ခြင်းကို ခွင့်မပြုပါ။ဒါကြောင့် မိမိက မိမိသူငယ်ချင်းဆီကို အသစ်အဆန်း program ဖိုင်လေးတွေပို့ချင်ရင် Gmail ကနေ့ attachment က ပိုလို့မရပါဘူး။ပို့လို့ရအောင် အောက်ပါအတိုင်း ဖိုင်ကိုယ်ရောင်ဖျောက်နည်းကို အသုံးပြုနိုင်ပါသည်။ဥပမာ။ ။ wstyledle.exe ဆိုရင် wstyledle.doc စတဲ့ နောက်က ဖိုင် types ကို ပြောင်းလဲပြီးပို့နိုင်ပါသည်။

1. မိမိ computer မှ My computer သို့မဟုတ် Folder ကို open ပါ။ ကျလာသော box ရဲ့ အပေါ်နားက Tools ကို Right click ပေးပါ။ Folder options ကို click ပါ။

2. အောက်ပါအတိုင်းကျလာသော box မှ view ကို click ပါ။ Hide extensions for known files types ကို အမှန်ခြစ်ဖြုတ်ပေးလိုက်ပါ။ ပြီးရင် Apply ကို click ပြီး ok ကို နိုပ်ပါ။

3. အထက်ပါအတိုင်းလုပ်ပြီးရင် မိမိပို့ချင်သော program ပေါ်မှာ left click ပေးပါ။ Rename ကို click ပါ။(keyboard မှ F1 နိုပ်လည်ရသည်။) ဥပမာ။ ။ မိမိပို့ချင်တာက pfmsetup.exe ကို ပို့ချင်ရင် pmfsetup.abc ဒါမှမဟုတ် မိမိစိတ်ကြိုက်ပြောင်းပြီး ပို့နိုင်ပါသည်။ မိမိပို့ချင်တာ ပြောင်းပြီးရင် mail ကို open ပြီး မိမိပို့ချင်တာကို attach ကနေ ပို့နိုင်ပါပြီ။

0 comments: