Label တည်ဆောက်ခြင်း
Label ကတော့ Folder သဘောဖြစ်ပါတယ်( ဥပမာ။ ။ မိမိက သီချင်းတွေကို Rap နှင့် Pop ကို အဆိုတော်လိုက်ခွဲပြီး Folder ဆောက်ထားသလိုပါပဲ) မိမိ ချစ်သူဆီကဆို mail ဆို label တစ်ခု သူငယ်ချင်းဆိုရင် Label တစ်ခုဒါမျိုးတွေ ပြုလုပ်ထားနိုင်ပါတယ်။
လုပ်ဆောင်ပုံကတော့အောက်ပါအတိုင်းလုပ်ဆောင်ကြည့်နိုင်ပါတယ်။
1. Gmail ကိုဖွင့်ပါ
2. Setting ကို open ပါ။ Labels ကို click ပါ။
3.အထက်မှာ ၀ိုင်းပြထားသော နေရာမှာ မိမိ ပေးလိုသော Name ကိုပေးပါ။(ဥပမာ- My Heart)ပြီးလျှင် အောက်မှာပြထားသောပုံအတိုင်း Create ကို click ပါ။ ဒါဆိုရင် Label တစ်ခုကိုတည်ဆောက်ပြီးသွားပါပြီ။Labels အလုပ်လုပ်ရန် Filter နှင့် ပေါင်းစပ်ရမှာဖြစ်သည်။
4.Filter ကို Click လျှင် တွေ့ရမဲ့ပုံဖြစ်ပါတယ်။
@. အထက်ပါပုံမှာ ၀ိုင်းပြထားသော Create a new filter (or) edit ကို click ပါ။ အောက်မှာကျလာတဲ့ box ထဲမှာ From ဆိုတဲ့နေရာမှာ ကိုယ့်ဆီကိုဝင်လာမဲ့ Email လိပ်စာကို ရိုက်ထည့်ပါ။ To နေရာမှာ မိမိလိပ်စာရိုက်ထည့်ပါ။ Next Step ကို click ပါ။ထပ်ကျလာသောBox ထဲမှာ delete ပေးမှာလား star it လုပ်ခိုင်းမှာလား သူ့ဆီကို Forward ပြန်လုပ်စေမှာလား မိမိအလိုကျစေခိုင်းနိုင်ပါသည်။Label မှာထည့်မယ်ဆိုရင် My Heart ကို ရွေးပြီး ဘေးနားက Check Mark ကို အမှန်ခြစ်ကလေး ခြစ်ပေးပါ။ပြီးက create filter ကို click ပါ။ဒါဆိုရင် မိမိ label အလုပ်လုပ်ပါပြီ။အောက်ကပုံတွင်ကြည့်ကရှင်းသွားပါမည်။
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment