Gmail မှာ Starred နှင့် Draft ပါပေမဲ့ သူ့ရဲ့ လုပ်ဆောင်ပုံက မိမိမေးလ်တွေများနေတဲ့အခါ မိမိ Starred လုပ်ထားတာ တွေကို အလွယ်တကူမတွေ့နိုင်ပါဘူး။ဒါကြောင့်အောက်ပါနည်းဖြင့် မိမိ အရေးကြီးတဲ့ မေးလ်တွေကို Starred ပြပြီး မိမိ ရေးတာမပြီးသေးတဲ့ မေးလ်တွေကို မိမိမေးလ်မှာ သီးခြား columns တစ်ခုအနေဖြင့် ဖန်တီးထားနိုင် ပါသည်။တခြား command များကိုလဲ ထည့်သွင်းအသုံးပြုနိုင်ပါသည်။ ယခုက starred နှင့် draft ကိုသာဖေါ်ပြပေးထားပါသည်။
1. Gmail ကို open ပါ ။ Setting ကို click ပါ။
2. Labs ကို click ပါ။အောက်ပါအတိုင်းတွေ့ရသောနေရာတွင် Enable ကို click ပါ။

3. Gmail ရဲ့ အောက်နားမှာ Save changes ကို click ပါ။ ဒါဆိုရင် မိမိမေးလ်ရဲ့ညာဘက်အခြမ်းမှာ အောက်ပါအတိုင်းတွေ့ရမှာပါ။နောက်ပြီး မိမိ gmail setting မှာလဲ Multiple Inboxes ဆိုပြီးထပ်ကျလာပါမည်။ Multiple Inboxes ကို click ပြီး မိမိစိတ်ကြိုက် Starred နှင့် Draft သာမက မိမိစိတ်ကြိုက်ပေါင်းထည့်နိုင်ပါသည်။ပြီးရင် Saves changes ကို click ပါ။

0 comments:
Post a Comment